Thursday, September 19, 2013

ပအိုဝ်း စာပေ စာပေ

Written by kaungnanne
Posted on 19.01.13
Last Updated 19.01.13
ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေသီးခြားရှိသည်။ သီးခြားစာပေရှိသော်လည်း ဖတ်တတ်သူနည်းလှသည်။ ပအိုဝ်းစာပေသည် ကရင်စာပေထက်ပင် ရှေးဦးကျသည်ဟုဆို၏။

ပအိုဝ်းစာပေဗြဟ္မီအက္ခရာပွားဖြင်ပြီး၊ ရှေးဟောင်းမြန်မာအက္ခရာအသတ်၊ အစပ်များနှင့် နီးစပ်သည်။ စာမူမှာ (၂) မျိုးကွဲလျက် ရှိ၏။ ၎င်းတို့မှာ ရှမ်းပြည်မူ (တောင်ကြီး) နှင့်အလံတစ်ရာမူ (သထုံကြီး) တို့ဖြစ်သည်။ စာအားဖြင့် ရေးသားခြင်းထက် လင်္ကာဖြင့်ရေးသားခြင်းကိုပို၍နှစ်သက်ကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့တွင် အက္ခရာအထူးအခြား မရှိပေ။ မြန်မာအက္ခရာကိုသာယူပြီးသုံးစွဲခဲ့၏။ အက္ခရာတီထွင်မှု မပြုဘဲ နှစ်ပေါင်း ကြာရှည်စွာ သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။

မြန်မာဗျည်းသရများကိုပင် သုံးစွဲသည်။ သရများကို ပအိုဝ်းအသံထွက်နှင့်ညီအောင် ပြန်လည် တီထွင်၍ သုံးစွဲကြသည်။ ထို့ပြင် ပအိုဝ်းစာပေသည် မြန်မာစာပေ ပင်မမှ ခွဲထွက်သော

စာပေအခက်အလက်တစ်ခုဟုဆိုနိုင်သည်။ သို့သော် “သ၊စ၊ရ” တို့သည် မြန်မာအသံထွက်နှင့် မတူပေ။ ပအိုဝ်းတိုင်းရင်းသား တို့က၊  “သ” ကို “စ” ဟုလည်းကောင်း၊ “စ” ကို “ကျ” ဟုလည်းကောင်း၊ အသံထွက်လေသည်။ ထို့ကြောင့် မွန် အသံထွက်ပုံနှင့်တူလေသည်။ “ရ” ကို (ျွေ) သံဖြင့် ပြောကြရေးကြ၏။

ပအိုဝ်းစာပေတွင် လောကုတ္တရာစာပေက ပို၍များ၏။ လူမှုရေးစာပေနည်းလေသည်။ သို့သော်လောကီဆိုင်ရာ ကျမ်းများ၊ ဗေဒင်၊ နက္ခတ်၊ စီးပွားရေး၊ ပညာရေးစာပေများကိုလည်း ပအိုဝ်းစာပေတွင်တွေ့နိုင်ပေသည်။ လောကုတ္တရာနှင့် ပတ်သက်သောကောင်းနိုးရာရာ ပါဠိ စာများကို ဘုန်းတော်ကြီးများက ပအိုဝ်းဘာသာသို့ပြန်ဆိုရေးသားကြ၏။ ထို့ကြောင့် ပအိုဝ်းစာပေကို ဘုန်းတော်ကြီးများ၊ ဦးပဉ္စင်းများ၊ ရဟန်း လူထွက်များကသာ အများဆုံး ရေးသားပြုစုကြပေသည်။ ဘုန်းကြီးကျောင်းထွက် သာမန်အရပ်သားများ၊ စာပေလိုက်စားသော အရပ်သားများလည်း ရေးသားပြုစုကြ၏။ ပအိုဝ်းစာဟော ဆရာများ၊ သာမန်အရပ်သားများသည် စတိုလင်္ကာသွားဖြင့်သာ ရေးသားဖွဲ့ဆိုကြသည်။ ယခုအခါ ကျေးဇူးရှင် အလံတရာ ဆရာတော်ဘုရားသည် ပိဋိကတ်သုံးပုံကို ပအိုဝ်းဘာသာသို့အားထုတ်ပြန်ဆိုနေသည်။

တောင်တွင်းမြို့ ပထမတောင်ကျောင်းကြီးတွင် ရှမ်းပြည်မူ (တောင်ကြီး) စာကိုပုံနှိပ်သော ပအိုဝ်းစာပေပုံနှိပ်စက်ရှိ၏။ ထိုပုံနှိပ်စက် သည် ပအိုဝ်းစာပေသာမက မြန်မာ၊ ရှမ်းဘာသာများဖြင်လည်း ပုံနှိပ်ပေးလေသည်။ ရှေးကမူ ပအိုဝ်းစာကို ပေ၊ ပရပိုက်များပေါ်တွင်ရေးကြ၏။ နောင်တွင် ရှမ်းစက္ကူကိုခေါက်၍ နှစ်ဘက်စလုံးတွင်ရေးကြ၏။

No comments:

Post a Comment